သဘာဝသယံဇာတအရင်းအမြစ် ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁၃-၃-၂၀၁၉)
မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့ အကြား (၅) နှစ်ကြာ ပူးပေါင်းဆောင်ရွက်မည့် The Oil for Development Program အရ လုပ်ငန်း (၇) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းရလဒ် (၇) ခုအနက် လုပ်ငန်းရလဒ် (၃) ဖြစ်သည့် သဘာဝသယံဇာတရင်းမြစ် ရန်ပုံငွေတစ်ရပ် ထူထောင်ရေးအတွက် ဥပဒေရေးရာ မူဘောင် ရေးဆွဲခြင်း နှင့် လုပ်ငန်းရလဒ် (၇) ဖြစ်သည့် မူဝါဒအသစ်များ၊ ဥပဒေအသစ်များ ရေးဆွဲပြဌာန်းခြင်း မပြုမီအကြံဉာဏ်၊ သဘောထားများ ရယူခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းများပြုလုပ်ခြင်းတို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စား ငွေတိုက်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
နော်ဝေနိုင်ငံ၊ Oil for Development Programme နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Natural Resource Fund Management Workshop ကို (၁၃-၃-၂၀၁၉) ရက်နေ့မှ (၁၅-၃-၂၀၁၉) ရက်နေ့အထိ နေပြည်တော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရေနံနှင့် သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာနနှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတို့မှ အရာထမ်း/ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။
သဘာဝသယံဇာတအရင်းအမြစ်ကို ရေရှည်တွင် ကုန်ခမ်းမှုမရှိစေရန်အတွက် စနစ်တကျသုံးစွဲရန်၊ သဘာဝသယံဇာတမှ ရရှိသောဝင်ငွေများအား စုဆောင်းရန်ထူထောင်သည့် ရန်ပုံငွေစာရင်းများ ဖြစ်သော Stabilization Fund (Medium Term) နှင့် Saving Fund (long term) နှင့်စပ်လျဉ်း၍ လည်းကောင်း၊ NRF ကို ထူထောင်ရာတွင် ချမှတ်ရမည့်မူဝါဒနှင့် ဘဏ္ဍာရေးစည်းမျဉ်းများချမှတ်ခြင်းနှင့် Long Term Savings အနေဖြင့် စုဆောင်းခြင်းတို့ နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။