အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(အဆင့်-၃) တို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှချေးငွေ ဂျပန်ယန်း ၄၂.၇၇၉ ဘီလီယံ ရယူရန်အတွက် လဲလှယ်မှုစာချွန်လွှာ (Exchange of Notes) နှင့် ချေးငွေစာချုပ်တို့အား လက်မှတ်ရေးထိုးခြင်း (၄-၁၁-၂၀၂၀)
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနကဆောင်ရွက်မည့် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေ ဂျပန်ယန်း ၂၇.၇၇၉ ဘီလီယံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၃) အတွက် ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံ စုစုပေါင်းချေးငွေ ဂျပန်ယန်း ၄၂.၇၇၉ ဘီလီယံကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ရယူရန်အတွက် လဲလှယ်မှုစာချွန်လွှာများကို မြန်မာနိုင်ငံအစိုးရကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအီချီယိုမာရူယားမားတို့ကလည်းကောင်း၊ ချေးငွေစာချုပ်များကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဂျပန်နိုင်ငံအစိုးရကိုယ်စား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံရုံးခွဲ အကြီးအကဲ ဆာကခုရနိုရိဂျိတို့ကလည်းကောင်း ၄-၁၁-၂၀၂၀ ရက်နေ့တွင် အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါသည်။