သဘာဝသယံဇာတအရင်းအမြစ် ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁၃-၅-၂၀၁၉)


Oil for Development Programme – Revenue Management နှင့်စပ်လျဉ်းသည့် အဆင့်မြင့် အရာရှိကြီးများအတွက် သဘာဝသယံဇာတရင်းမြစ် ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Natural Resource Fund Management Workshop for Senior Management) အား ၁၃-၅-၂၀၁၉ ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ရေနံနှင့်သဘာဝဓါတ်ငွေ့စီမံရေးဦးစီးဌာနနှင့်  မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းတို့မှ အဆင့်မြင့်အရာထမ်းများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သဘာဝသယံဇာတအရင်းအမြစ်သည် ရေရှည်တွင် ကုန်ခမ်းနိုင်သဖြင့် သဘာဝသယံဇာတအရင်းအမြစ်ကို သုံးစွဲရာတွင် စနစ်တကျစီမံကိန်းချမှတ်၍ သုံးစွဲနိုင်ရန်နှင့် သဘာဝသယံဇာတအရင်းအမြစ်အတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်အလက်များနှင့် ရန်ပုံငွေအား စီမံခန့်ခွဲရမည့်ပုံစံတို့ကို နော်ဝေနိုင်ငံ၏ အတွေ့အကြုံပေါ်မူတည်၍ ဆွေးနွေးခဲ့ပါသည်။