ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ချေးငွေ ယူရို ၅၀ သန်း ရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပိုလန်သမ္မတနိုင်ငံအစိုးရတို့အကြား ချေးငွေစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း (၁၁-၄-၂၀၁၇)


ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနသည် ပိုလန်နိုင်ငံအစိုးရနောက်ခံအခြေပြု ဥရောပသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်းကူညီထောက်ပံ့မှုချေးငွေ (Organization for Economic Cooperation and Development OECD) မှ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့ (Official Development Assistance – ODA) အစီအစဉ်အဖြစ် ခေတ်မီအဆင့်မြင့် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရန်အတွက် ပိုလန်သမ္မတနိုင်ငံအစိုးရထံမှ ချေးငွေယူရို ၅၀ သန်း ရယူရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပိုလန်သမ္မတနိုင်ငံအစိုးရတို့အကြား ၁၁-၄-၂၀၁၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါချေးငွေ၏ ချေးငွေဆိုင်ရာစည်းကမ်းချက်များမှာ ဆိုင်းငံ့ကာလ (၅) နှစ်၊ ပြန်ဆပ်ကာလ (၅၅) နှစ်ဖြင့်  စုစုပေါင်း ချေးငွေသက်တမ်းမှာ (၆၀) နှစ်ဖြစ်ပြီး အတိုးနှုန်းတစ်နှစ်လျှင် ၀.၁၅% ဖြစ်ပါသည်။

အဆိုပါစီမံကိန်းဆောင်ရွက်ခြင်းဖြင့် မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အသေးစားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုသာ ဆောင်ရွက်လျှက်ရှိရာ အလယ်အလတ်နှင့်အကြီးစား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ Chemical, Biological, Radiological and Nuclear (CBRM) Defense နှင့် အခြားဘေးအန္တရာယ်ဖြစ်စေသောပစ္စည်းများကြောင့် မတော်တဆမှုများ ဖြစ်ပွားလာပါက ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများ၊ နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့များ (International Search & Rescue Teams) နှင့် ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများအတွက် မဖြစ်မနေလိုအပ်သော Medium and Heavy SAR Equipments Vehicle များဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။