ငွေတိုက်ဦးစီးဌာန၏ (၁၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း (၁-၉-၂၀၂၅)
ငွေတိုက်ဦးစီးဌာနအား ၁-၉-၂၀၁၄ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ခဲ့ရာ ၁-၉-၂၀၂၅ ရက်နေ့တွင် (၁၁)နှစ်ပြည့် မြောက်ပြီဖြစ်ပါ၍ “ငွေတိုက်ဦးစီးဌာန၏ (၁၁)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်” အဖြစ် ငွေတိုက်ဦးစီးဌာန၏ ယာယီရုံးခန်း ရဲဘားတိုက် အဆောင်(၂)တွင် ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံးနှင့် ဝန်ထမ်းများက သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းတို့အား မြတ်နိဗ္ဗာန်ကို ရည်မှန်း၍ ရေစက်သွန်းချအမျှဝေခဲ့ကြပါသည်။
ဆက်လက်၍ ၁-၄-၂၀၂၄ ရက်နေ့မှ ၃၁-၃-၂၀၂၅ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနအဆင့် သင်တန်းများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲတွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ဝန်ထမ်းများအား ဆုချီးမြှင့်သည့်အခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည့် စိစစ်ရေးမှူး-၂ ဦးညီသီဟဇော်အားလည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော IT Infra Design and Planning သင်တန်းတွင် ဒုတိယဆု(Group Project ဆု)နှင့် Cloud Administration Essentials သင်တန်းတွင် တတိယဆု ရရှိခဲ့သည့် ဦးစီးအရာရှိ ဦးရဲကိုကိုထွန်းအား လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှဖွင့်လှစ်သော Basic Networking သင်တန်းတွင် ဒုတိယဆုရရှိခဲ့သည့် ဒေါ်ဝေနှင်းမြရည်ကျော်အား လည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပါသည်။